text.skipToContent text.skipToNavigation

စီးတီးမောလ်၏ အွန်လိုင်းဝက်ဘ်ဆိုက်ဖြစ်သော www.citymall.com.mm ကို ကျွန်ုပ်တို့ City Mart Holding Company Limited (CMHL) က တာဝန်ယူလည်ပတ်လျက်ရှိပါသည်။ ဝက်ဘ်ဆိုက်သုံးပြီး ဈေးဝယ်သောအခါ၊ CMHL နှင့် ချိတ်ဆက်သောအခါ အောက်ပါ သတ်မှတ်ချက်နှင့် စည်းကမ်းများကို သိရှိထားရန်လိုအပ်ပါသည်။

ဝက်ဘ်ဆိုက်ကို အသုံးပြုခြင်းနှင့် စပ်လျဉ်းသော သတ်မှတ်ချက်နှင့် စည်းကမ်းများ
စီးတီးမောလ်ဝက်ဘ်ဆိုက်ကို မှတ်ပုံတင်ပြီး အသုံးပြုခြင်းအားဖြင့် လူကြီးမင်းသည် အောက်ပါ သတ်မှတ်ချက်နှင့် စည်းကမ်းများကို လိုက်နာရန်သဘောတူပြီးဖြစ်ပါသည်။

၁။ အကောင့် ဖွင့်လှစ်ခြင်း
၁(၁) ဝက်ဘ်ဆိုက်မှ ပစ္စည်းများကို အော်ဒါတင်ရန် လူကြီးမင်းသည် အကောင့်တစ်ခုကို ပြုလုပ်ထားပြီး မှတ်ပုံတင် ဝင်ရောက်ရပါမည်။ မှတ်ပုံတင်ဖြည့်စွက်ထားသည့် လူကြီးမင်း၏ အချက်အလက်များ မှန်ကန်ပြည့်စုံမှုရှိရန်လည်း တာဝန်ယူရန် လိုအပ်ပါသည်။
၁(၂) ဝက်ဘ်ဆိုက်ကို မှတ်ပုံတင် ဝင်ရောက်သည့်အခါ လူကြီးမင်းကို စကားဝှက်တစ်ခုပြုလုပ်ရန် တောင်းဆိုပါလိမ့်မည်။ လူကြီးမင်း၏ စကားဝှက်ကို လျှို့ဝှက် သတ်မှတ်ထားရန် တာဝန်ရှိပါသည်။ လူကြီးမင်း၏ စကားဝှက်သုံးပြီး ပြုလုပ်ထားသော လုပ်ဆောင်ချက်များ၊ ကုန်အမှာများအတွက် လူကြီးမင်း တစ်ယောက်တည်းတွင်သာ တာဝန်ရှိသောကြောင့် ဖြစ်ပါသည်။ လူကြီးမင်း၏ စကားဝှက်ကို တခြားသူတစ်ယောက်က သိရှိနေသည် သို့မဟုတ် တစုံတယောက်က လူကြီးမင်း၏ ခွင့်ပြုချက်မရှိဘဲ စကားဝှက်ကို အသုံးပြုနေသည်ဟု လူကြီးမင်းအနေဖြင့် ယုံကြည်ပါက ကျွန်ုပ်တို့ကို လူကြီးမင်းက ချက်ချင်း အကြောင်းကြားထားစေချင်ပါသည်။
၁(၃) ဝက်ဘ်ဆိုက်ကို မှတ်ပုံတင် ဝင်ရောက်ခြင်းအားဖြင့် CMHL မှ သတင်းများ၊ အရောင်းမြှင့်တင်ရေး စာစောင်များကို လက်ခံရယူရန် လူကြီးမင်းက သဘောတူပြီးသားဖြစ်ပါသည်။ ဝက်ဘ်ဆိုက်ရှိ “My Account” ဟူသော နေရာတွင် စာရင်းပယ်ဖျက်ခြင်းအားဖြင့်သော်လည်းကောင်း၊ “Coustomer Services” ဟူသော နေရာရှိ အချက်အလက်များမှတဆင့် သုံးစွဲသူဝန်ဆောင်မှုဌာနနှင့် တိုက်ရိုက် ဆက်သွယ်၍ သော်လည်းကောင်း အဆိုပါ သဘောတူညီချက်ကို မည်သည့်အချိန်တွင်မဆို ပယ်ဖျက်နိုင်ပါသည်။

၂။ ဝက်ဘ်ဆိုက်တွင် ရရှိနိုင်သည်များ
၂(၁) CMHL သည် အကောင်းဆုံးဝန်ဆောင်မှုများကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ထားသော်လည်း လူကြီးမင်း၏လိုအပ်ချက်တိုင်းနှင့် ကိုက်ညီမှုရှိမည်ဟု အာမခံခြင်းမရှိပါ။ အလားတူ အပြစ်အနာကင်းသော ဝန်ဆောင်မှုပေးနိုင်မည်ဟုလည်း အခိုင်အမာပြောဆိုခြင်း မရှိပါ။ သို့ဖြစ်ပါ၍ ဝန်ဆောင်မှုတွင် တစုံတရာလွဲချော်ခဲ့ပါက သုံးစွဲသူဝန်ဆောင်မှုဌာန (Customer Service Team) နှင့် ဆက်သွယ်နိုင်ပြီး ကျွန်ုပ်တို့ကလည်း ပြင်ဆင်ရန် ကြိုးပမ်းသွားပါမည်။
၂(၂) ဝက်ဘ်ဆိုက်ကို ပြုပြင်ထိန်းသိမ်းနေစဉ်နှင့် ဝန်ဆောင်မှုအသစ်များကို မိတ်ဆက်စဉ်တွင် လူကြီးမင်းသည် ရံဖန်ရံခါ ဝက်ဘ်ဆိုက်ကို ဝင်၍မရနိုင်ခြင်း ဖြစ်နိုင်ပါသည်။

၃။ ဉာဏပစ္စည်းများ
၃(၁) ဝက်ဘ်ဆိုက်တွင် ပါဝင်သော အကြောင်းအရာများသည် CMHL ၏ မူပိုင်ပစ္စည်းဖြစ်ပြီး CMHL ၏ ခွင့်ပြုချက်မရှိဘဲ မည်သည့်အကျိုးစီးပွားအတွက်မဆို မိတ္တူကူးယူခြင်း၊ ပြန်လည်ထုတ်ဝေခြင်း သို့မဟုတ် အသုံးပြုခြင်း မရှိရပါ။
၃(၂) CMHL ၏ ခွင့်ပြုချက်မရှိဘဲ စီးတီးမောလ် ကုန်အမှတ်တံဆိပ်နှင့် CMHL ၏ တခြားသော ကုန်အမှတ်တံဆိပ်များကို အသုံးပြုခြင်း မရှိရပါ။

၄။ လူကြီးမင်း၏ အကောင့်အား ဆိုင်းငံ့နိုင်ခွင့်နှင့် ဖျက်သိမ်းပိုင်ခွင့်
၄(၁) CMHL သည် အောက်ပါ အခြေအနေများတွင် လူကြီးမင်း၏ အကောင့်ကို ဆိုင်းငံ့နိုင်ခွင့် သို့မဟုတ် ဖျက်သိမ်းပိုင်ခွင့် ရှိပါသည်။
၄(၁)(၁) လူကြီးမင်းသည် ဖော်ပြပါ သတ်မှတ်ချက်နှင့် စည်းကမ်းများကို ဖောက်ဖျက်ခြင်း၊
၄(၁)(၂) ဝက်ဘ်ဆိုက်ကို မမှန်ကန်သောရည်ရွယ်ချက်ဖြင့် အသုံးပြုနေသည်ဟု ယုံကြည်ရန်အကြောင်းရှိခြင်း၊
၄(၁)(၃) ဝက်ဘ်ဆိုက်ကို အသုံးပြုစဉ်တွင် ဥပဒေ၊ စည်းမျဉ်းများကို ချိုးဖောက်ခြင်း။

၅။ ပြင်ပအဖွဲ့အစည်းများနှင့် စပ်လျဉ်းသော အကြောင်းအရာ
၅(၁) ဝက်ဘ်ဆိုက်တွင် ပြင်ပအဖွဲ့အစည်းများ၏ ကြော်ငြာများ၊ အခမဲ့အသုံးပြုခွင့်ပေးခြင်းများ၊ သုံးစွဲသူများ၏ မှတ်ချက်များ၊ ပြင်ပအဖွဲ့အစည်းများနှင့် ပတ်သက်သော လင့်ခ်များ ပါရှိနိုင်ပါသည်။ အဆိုပါ ပြင်ပအဖွဲ့အစည်းနှင့် စပ်လျဉ်းသော အကြောင်းအရာများသည် ဥပဒေ၊ စည်းမျဉ်းများနှင့် ကိုက်ညီသည်ဟု CMHL က အာမခံခြင်းမရှိပါ။ ပြင်ပအဖွဲ့အစည်းများ၏ အကြောင်းအရာများတွင် အမှားအယွင်းများ ပါရှိပါကလည်း CMHL တွင် တာဝန်မရှိပါ။

အရောင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် စည်းကမ်းများ
ဝက်ဘ်ဆိုက်မှတဆင့် ကုန်ပစ္စည်းများကို မှာယူခြင်းအားဖြင့် လူကြီးမင်းသည် အောက်ပါ သတ်မှတ်ချက်နှင့် စည်းကမ်းများကို သဘောတူပြီးဖြစ်ပါသည်။

၁။ သဘောတူညီချက်နှင့် ပယ်ဖျက်ပိုင်ခွင့်
၁(၁) အောက်ပါအကြောင်းပြချက်များရှိပါက လူကြီးမင်း၏ အော်ဒါကို ကျွန်ုပ်တို့ ပယ်ဖျက်ပိုင်ခွင့် ရှိပါသည်။
(က)လူကြီးမင်းသည် လိမ်လည်မှာယူနေသည်ဟု ကျွ
န်ုပ်တို့က သံသယရှိခြင်း၊
(ခ)လူကြီးမင်းသည် ဖော်ပြပါ သတ်မှတ်ချက်နှင့် စည်းကမ်းများကို ဖောက်ဖျက်နေသည်ဟု သံသယရှိခြင်း၊
(ဂ)promotion code ကို အလွဲသုံးစားပြုလုပ်သည်ဟု သံသယရှိခြင်း၊
(ဃ)ကုန်ပစ္စည်းအမှာကို ပေးပို့ရန် အခက်အခဲရှိခြင်းကဲ့သို့သော ကျွ
န်ုပ်တို့ ထိန်းချုပ်နိုင်ခြင်း မရှိသည့် အကြောင်းတရားများ ဖြစ်ပေါ်ခြင်း၊
(င) ကျွ
န်ုပ်တို့၏ ဝန်ဆောင်မှုကို ကြားခံ၍ ပြင်ပအဖွဲ့အစည်းများထံ ကုန်ပစ္စည်းများ ရောင်းချနေသည်ဟု သံသယရှိခြင်း။

၁(၂) ပုံမှန်ပို့ဆောင်ခြင်း ဝန်ဆောင်မှု အတွက် လူကြီးမင်းသည် မိမိပစ္စည်းမှာယူထားသော သတ်မှတ်ချိန်နေ့ရက်၏ တစ်ရက်ကြိုတင်၍ ညနေ "၅" နာရီထက် နောက်မကျစေဘဲ Customer Care သို့ ဖုန်းဆက်အကြောင်းကြား၍ လူကြီးမင်း၏ အမှာကို ဖျက်သိမ်းနိုင်ပါသည်။
၁(၃) အမြန်ပို့ဆောင်ခြင်း ဝန်ဆောင်မှု အတွက် လူကြီးမင်းသည် မိမိပစ္စည်းမှာယူပြီးချိန်မှစ၍ "၁" နာရီအတွင်း Customer Care သို့ ဖုန်းဆက်အကြောင်းကြား၍ သော်လည်းကောင်း၊ အကယ်၍ မှာယူထားသောပစ္စည်းသည် လူကြီးမင်းဆီသို့ရောက်ရှိခဲ့ပါကလည်း CMO Delivery Man ကိုပြော၍ သော်လည်းကောင်း လူကြီးမင်း၏ အမှာကို ဖျက်သိမ်းနိုင်ပါသည်။ (Fresh items များ ၊ Seasons Bakery မုန့်များ နှင့်ပတ်သက်၍ ပစ္စည်းများ ပေးပို့ရာတွင် ပြန်လည်အပ်နှံခြင်းများ နှင့် အော်ဒါ ဖျက်သိမ်း ခြင်းများ ရှိခဲ့ပါက လက်ခံမည် မဟုတ်ပါ။)


၂။ ကုန်ပစ္စည်းများ ရရှိနိုင်မှု
၂(၁) မည်သည့်အခြေအနေတွင်မဆို လူကြီးမင်းမှာယူထားသော ကုန်ပစ္စည်းများကို ပို့ဆောင်ပေးနိုင်ရန် ကြိုးစားပါမည်။ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် မှာယူသော ပစ္စည်းများကို မရောင်းချပေးနိုင်ပါက ထိုသို့ မရောင်းချပေးနိုင်ကြောင်းကို လူကြီးမင်းထံ အကြောင်းကြားပေးပါမည်။ စုစုပေါင်းကုန်ပစ္စည်းတန်ဖိုးကျသင့်ငွေမှ အဆိုပါ မရောင်းချပေးနိုင်သော ပစ္စည်းတန်ဖိုးကို နုတ်ဖယ်ထားပါမည်။ ပစ္စည်းများ မှာယူသမျှ မရရှိနိုင်ခြင်းအတွက် မည်သည့် အခြေအနေတွင် မဆို ကျွန်ုပ်တို့တွင် တာဝန်တစုံတရာ ရှိမည် မဟုတ်ပါ။

၃။ ပို့ဆောင်ခြင်းနှင့် ငွေပေးချေခြင်း
၃(၁) လူကြီးမင်း အပြီးသတ် ဖြည့်စွက်ထားသော ပစ္စည်းအမှာစာတွင် ပါရှိသည့် လိပ်စာထံ မှာယူထားသည့် ပစ္စည်းများကို ပို့ဆောင်ပေးမည်ဖြစ်ပါသည်။
၃(၂) လူကြီးမင်း ပစ္စည်းမှာယူသောအခါ ပို့ဆောင်ချိန်ကို သဘောတူသတ်မှတ်ရပါမည်။
၃(၃) ပို့ဆောင်ရမည့်လိပ်စာ၏ အဓိကဝင်ပေါက်အထိ လူကြီးမင်း၏ အမှာကို ပို့ဆောင်ပေးပါမည်။ လူကြီးမင်းက တောင်းဆိုမှသာ ကျွန်ုပ်တို့၏ ပို့ဆောင်သူသည် လူကြီးမင်း၏ လိပ်စာ နေအိမ်အတွင်း (ဥပမာ မီးဖိုခန်းအတွင်း သို့မဟုတ် တိုက်ခန်းရှိရာအထပ်) သို့ ဝင်ရောက် ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ထိုသို့ ပို့ဆောင်ရာတွင်လည်း (က)ပို့ဆောင်သူက လူကြီးမင်းထံမှ ခွင့်ပြုချက်ရမှသာ၊ (ခ)လူကြီးမင်း၏ တောင်းဆိုချက်အတိုင်း ဆောင်ရွက်ရန် ဘေးအန္တရာယ်ကင်းရှင်းသည် သို့မဟုတ် ပို့ဆောင်ပေးသင့်သည်ဟု ကျွန်ုပ်တို့၏ ပို့ဆောင်သူက လက်ခံသော အခြေအနေဖြစ်ရပါမည်။ မည်သို့ပင်ဆိုစေကာမူ လူကြီးမင်းလိပ်စာ၏ အဓိကဝင်ပေါက်ရှေ့အထိ ပစ္စည်းများကို ပေးပို့ရန်သာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပါသည်။
၃(၄) ရန်ကုန်မြို့တွင်းရှိ သတ်မှတ်မြို့နယ်များကိုသာ ပစ္စည်းများကို ပေးပို့ပေးကြောင့် ကျေးဇူးပြု၍ သတိပြုစေလိုပါသည်။ ပစ္စည်းအမှာစာတင်စဉ် drop-down menu တွင် သော်လည်းကောင်း၊ ဝက်ဘ်ဆိုက်က မြို့နယ်ကို ရွေးချယ်ခိုင်းစဉ်တွင်သော်လည်းကောင်း ကျွန်ုပ်တို့က ပေးပို့ပေးနိုင်သည့် မြို့နယ်များ စာရင်း အသေးစိတ်ကို ကြည့်ရှုနိုင်ပါသည်။ လူကြီးမင်းရွေးချယ်လိုသော မြို့နယ်သည် ကျွန်ုပ်တို့၏ စာရင်းထဲတွင် မပါရှိသောအခါ အဆိုပါမြို့နယ်ကို လတ်တလော ကျွန်ုပ်တို့က ပေးပို့ပေးနိုင်ခြင်း မရှိသေးပါ။
၃(၅) ပေးပို့ပေးသောပစ္စည်းများကို အသက် "၁၈" နှစ်နှင့် အထက် အရွယ်ရောက်ပြီးသူတစ်ဦးဦးက လက်မှတ်ထိုးပြီး လက်ခံယူရပါမည်။ ထိုကဲ့သို့သော အရွယ်ရောက်ပြီးသူတစ်ဦးက လက်ခံယူထားမပေးနိုင်သောအခါ သို့မဟုတ် လူကြီးမင်းက မပြည့်စုံသော လိပ်စာအမှားကို ထည့်သွင်း မှာယူမိသောအခါ ပစ္စည်းများကို နောက်တစ်ကြိမ် ပို့ဆောင်ပေးရမည်ဖြစ်ပါသည်။ ပို့ဆောင်ခကိုလည်း ထပ်မံကောက်သွားပါမည်။
၃(၆) လူကြီးမင်းသဘောတူထားသော ပို့ဆောင်ချိန်တွင် ပစ္စည်းများကို ရောက်ရှိအောင် ပို့ဆောင်ရန် ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ကြိုးပမ်းမည်ဖြစ်ပါသည်။ သို့ရာတွင် ယာဉ်ကြောပိတ်ဆို့မှုကဲ့သို့သော ကျွန်ုပ်တို့ ထိန်းချုပ်နိုင်ခြင်းမရှိသည့် အကြောင်းရင်း တစ်ခုခုကြောင့် ပစ္စည်းများ သတ်မှတ်ချိန်အတွင်း မရောက်ရှိပါက ကျွန်ုပ်တို့တွင် ပေးလျော်ရန်တာဝန် မရှိပါ။
၃(၇) ပစ္စည်းများရောက်ရှိလာချိန်တွင် ကျွန်ုပ်တို့၏ ပေးပို့သူကို ပစ္စည်းတန်ဖိုးများအား မြန်မာကျပ်ငွေဖြင့်သာ ပေးချေပေးစေလိုပါသည်။ များမကြာမီတွင် တခြားသောငွေပေးချေစနစ်များကို အသုံးပြုသွားနိုင်ဖို့ ကျွန်ုပ်တို့ ကြိုးပမ်းသွားပါမည်။

၄။ ပစ္စည်းများကို ပြန်လည်အပ်နှံခြင်းနှင့် ငွေပြန်အမ်းခြင်း
၄(၁) မှာယူသော ပစ္စည်းများ၏ အရည်အသွေးနှင့် လတ်ဆတ်မှုကို လူကြီးမင်း စိတ်တိုင်းမကျသောအခါ ပစ္စည်းများကို ပေးပို့ချိန်တွင် ပြန်လည်အပ်နှံနိုင်သော “အမေးအမြန်းမရှိ” ပြန်လည်အပ်နှံခြင်းနှင့် ငွေပြန်အမ်းပေးခြင်းပေါ်လစီ ရှိပါသည်။
၄(၂) ကျွန်ုပ်တို့၏ ပေးပို့သူက လူကြီးမင်း ပြန်လည်အပ်နှံသော ပစ္စည်းကို ပြန်ယူလာပေးမည်ဖြစ်ပြီး အဆိုပါ လုပ်ဆောင်ချက်အတွက် အဖိုးအခပေးရန် မလိုအပ်ပါ။ ပို့ဆောင်သူက လူကြီးမင်း ပြန်လည်အပ်နှံသော ပစ္စည်း၏ တန်ဖိုးကို မှာယူသောပစ္စည်း တန်ဖိုးစုစုပေါင်းမှလည်း နုတ်ဖယ်ပေးမည်ဖြစ်ပါသည်။
၄(၃) ပစ္စည်းများကို လက်ခံပြီးသော ကိစ္စရပ်အားလုံးတွင်မူ ထိုသို့ ပြန်လည်အပ်နှံခြင်းနှင့် ငွေပြန်အမ်းခြင်းကို ကျွန်ုပ်တို့က လက်ခံတော့မည်မဟုတ်ကြောင်းကို သိစေလိုပါသည်။ တချို့သောအခြေအနေများတွင်မူ ပစ္စည်းပေးပို့ပြီးနောက်ပိုင်း "၇" ရက်အတွင်း တွင် ပြန်လည်ပေးပို့ခြင်းနှင့် လဲလှယ်ခြင်းကို လက်ခံပါမည်။ ပေးပို့ပြီး "၇" ရက်နောက်ပိုင်း တွင် ပစ္စည်းများလဲလှယ်လိုခြင်းကို လက်ခံမည်မဟုတ်ပါ။
၄(၄) စီးတီးမောလ်၏ ပြန်လည်ပေးပို့ခြင်းနှင့် သက်ဆိုင်သော ပေါ်လစီမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

စီးတီးမတ်၏ ကြာရှည်ခံ စားသောက်ကုန်များ
ပြန်လည်ပေးပို့ခြင်း/ ပြန်အမ်းငွေတောင်းခံခြင်း အကြောင်းပြချက်များပေးပို့ချိန်တွင် ပြန်လည်အပ်နှံခြင်းပေးပို့ပြီး "၇" ရက် အတွင်း ပြန်လည်အပ်နှံခြင်းပြန်လည်ပေးပို့ချိန်တွင် ရှိရမည့် ပစ္စည်း၏ အခြေအနေ
ပစ္စည်းမှားယွင်းခြင်းအမေးအမြန်းမရှိ လက်ခံပါသည်။လက်မခံပါ။-
အရည်အသွေးညံ့ခြင်းအမေးအမြန်းမရှိ လက်ခံပါသည်။ပျက်စီးနေသော သို့မဟုတ် သက်တမ်းကုန်နေသော ပစ္စည်းများသာ(City Mall Customer Care မှဆုံးဖြတ်ပါမည်။)၊ ပစ္စည်းနှင့်သာ ပြန်လည်လဲလှယ်ပေးပါမည်။(ပြန်အမ်းငွေမရနိုင်ပါ။)-
စီးတီးမတ်၏ လတ်ဆတ်သော စားသောက်ကုန်များ
ပြန်လည်ပေးပို့ခြင်း/ ပြန်အမ်းငွေတောင်းခံခြင်း အကြောင်းပြချက်များပေးပို့ချိန်တွင် ပြန်လည်အပ်နှံခြင်းပေးပို့ပြီး "၇" ရက် အတွင်း ပြန်လည်အပ်နှံခြင်းပြန်လည်ပေးပို့ချိန်တွင် ရှိရမည့် ပစ္စည်း၏ အခြေအနေ
ပစ္စည်းမှားယွင်းခြင်းအမေးအမြန်းမရှိ လက်ခံပါသည်။လက်မခံပါ။-
အရည်အသွေးညံ့ခြင်းအမေးအမြန်းမရှိ လက်ခံပါသည်။လက်မခံပါ။-
City Care
ပြန်လည်ပေးပို့ခြင်း/ ပြန်အမ်းငွေတောင်းခံခြင်း အကြောင်းပြချက်များပေးပို့ချိန်တွင် ပြန်လည်အပ်နှံခြင်းပေးပို့ပြီး "၇" ရက် အတွင်း ပြန်လည်အပ်နှံခြင်းပြန်လည်ပေးပို့ချိန်တွင် ရှိရမည့် ပစ္စည်း၏ အခြေအနေ
ပစ္စည်းမှားယွင်းခြင်းအမေးအမြန်းမရှိ လက်ခံပါသည်။လက်မခံပါ။-
အရည်အသွေးညံ့ခြင်းအမေးအမြန်းမရှိ လက်ခံပါသည်။လက်မခံပါ။-
City Baby Club
ပြန်လည်ပေးပို့ခြင်း/ ပြန်အမ်းငွေတောင်းခံခြင်း အကြောင်းပြချက်များပေးပို့ချိန်တွင် ပြန်လည်အပ်နှံခြင်းပေးပို့ပြီး "၇" ရက် အတွင်း ပြန်လည်အပ်နှံခြင်းပြန်လည်ပေးပို့ချိန်တွင် ရှိရမည့် ပစ္စည်း၏ အခြေအနေ
ပစ္စည်းမှားယွင်းခြင်းအမေးအမြန်းမရှိ လက်ခံပါသည်။တန်ဖိုးတူ သို့မဟုတ် ပိုမိုဈေးမြင့်သော ပစ္စည်းနှင့်သာ လဲလှယ်ပေးပါသည်။ပစ္စည်းအသစ်အတိုင်း ထုပ်ပိုးမှုပုံစံမပျက်၊ ဝယ်ယူစဉ်က ပါရှိခဲ့သော လက်ဆောင်နှင့် ဈေးနှုန်းတံဆိပ်ကပ်ပြားများ ပါရှိရမည်။
အရည်အသွေးညံ့ခြင်းအမေးအမြန်းမရှိ လက်ခံပါသည်။တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ အကြောင်းပြချက်များကြောင့် အတွင်းခံ နှင့် အသုံးအဆောင်ပစ္စည်းများ မပါဝင်ပါ။ပစ္စည်းအသစ်အတိုင်း ထုပ်ပိုးမှုပုံစံမပျက်၊ ဝယ်ယူစဉ်က ပါရှိခဲ့သော လက်ဆောင်နှင့် ဈေးနှုန်းတံဆိပ်ကပ်ပြားများ ပါရှိရမည်။
Safari Books
ပြန်လည်ပေးပို့ခြင်း/ ပြန်အမ်းငွေတောင်းခံခြင်း အကြောင်းပြချက်များပေးပို့ချိန်တွင် ပြန်လည်အပ်နှံခြင်းပေးပို့ပြီး "၇" ရက် အတွင်း ပြန်လည်အပ်နှံခြင်းပြန်လည်ပေးပို့ချိန်တွင် ရှိရမည့် ပစ္စည်း၏ အခြေအနေ
ပစ္စည်းမှားယွင်းခြင်းအမေးအမြန်းမရှိ လက်ခံပါသည်။လက်မခံပါ။-
အရည်အသွေးညံ့ခြင်းအမေးအမြန်းမရှိ လက်ခံပါသည်။လက်မခံပါ။-
Ocean လျှပ်စစ်ပစ္စည်းများ
ပြန်လည်ပေးပို့ခြင်း/ ပြန်အမ်းငွေတောင်းခံခြင်း အကြောင်းပြချက်များပေးပို့ချိန်တွင် ပြန်လည်အပ်နှံခြင်းပေးပို့ပြီး "၇" ရက် အတွင်း ပြန်လည်အပ်နှံခြင်းပြန်လည်ပေးပို့ချိန်တွင် ရှိရမည့် ပစ္စည်း၏ အခြေအနေ
ပစ္စည်းမှားယွင်းခြင်းအမေးအမြန်းမရှိ လက်ခံပါသည်။တန်ဖိုးတူ သို့မဟုတ် ပိုမိုဈေးမြင့်သော ပစ္စည်းနှင့်သာ လဲလှယ်ပေးပါသည်။ပစ္စည်းအသစ်အတိုင်း ထုပ်ပိုးမှုပုံစံမပျက်၊ ဝယ်ယူစဉ်က ပါရှိခဲ့သော လက်ဆောင်နှင့် ဈေးနှုန်းတံဆိပ်ကပ်ပြားများ ပါရှိရမည်။
အရည်အသွေးညံ့ခြင်းအမေးအမြန်းမရှိ လက်ခံပါသည်။တန်ဖိုးတူ သို့မဟုတ် ပိုမိုဈေးမြင့်သော ပစ္စည်းနှင့်သာ လဲလှယ်ပေးပါသည်။ပစ္စည်းအသစ်အတိုင်း ထုပ်ပိုးမှုပုံစံမပျက်၊ ဝယ်ယူစဉ်က ပါရှိခဲ့သော လက်ဆောင်နှင့် ဈေးနှုန်းတံဆိပ်ကပ်ပြားများ ပါရှိရမည်။


လေးလံသော လျှပ်စစ်ပစ္စည်းများတွင် အကြောင်းရင်းတစုံတရာရှိပါက ပေးပို့ပြီး "၇" ရက်အတွင်း တွင် စီးတီးမောလ် Customer Care သို့ ဝယ်ယူသူက ဆက်သွယ်ပြောကြားရန် လိုအပ်ပါသည်။ ထို့နောက် ပစ္စည်းတွင်ပါရှိသော အာမခံကတ်ပြားပေါ်ရှိ အချက်အလက်အသေးစိတ် သို့မဟုတ် ဝက်ဘ်ဆိုက်ပေါ်ရှိ ပစ္စည်း၏ တံဆိပ်အမျိုးအစား၊ ဓာတ်ပုံ စသည့် အသေးစိတ်ကို ပစ္စည်း၏ Service Centre သို့ ဆက်သွယ် ပြောကြားရန်လည်း လိုအပ်ပါသည်။

၅။ ပစ္စည်းအကြောင်း
၅(၁) ဝက်ဘ်ဆိုက်တွင် ပစ္စည်းနှင့်ပတ်သက်သောအကြောင်းအရာများကို မှန်ကန်စွာ ဖော်ပြနိုင်ရန် ကျွန်ုပ်တို့ ကြိုးပမ်းလျက်ရှိပါသည်။ သို့ရာတွင် အမှန်တကယ် ပစ္စည်းထုပ်ပိုးမှုနှင့် ပါဝင်ပစ္စည်းများသည် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်များနှင့် ကွဲလွဲမှုများ ရှိနိုင်ပါသည်။ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ပစ္စည်း၏ အကြောင်းအရာများသည် အချက်အလက်မျှသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပစ္စည်းကို အသုံးမပြုမီတွင် ဝက်ဘ်ဆိုက်ရှိ အချက်အလက် တစ်ခုတည်းကိုသာ မကြည့်ဘဲ ပစ္စည်းတွင် တစ်ပါတည်း ဖော်ပြထားသော အသုံးပြုပုံ၊ သတိပေးချက်များနှင့် တံဆိပ်များကို သေချာစွာ စစ်ဆေးကြည့်ရှုစေလိုပါသည်။

၆။ ပြင်ပရောင်းချသူများထံမှ ဝယ်ယူရန် သတ်မှတ်ချက်များ
၆(၁) စီးတီးမောလ်ဝက်ဘ်ဆိုက်တွင် CMHL မှ ထုတ်ကုန်များကိုသာမက CMHL မှမဟုတ်သော ပြင်ပရောင်းချသူ Merchant ထံမှ ပစ္စည်းများကိုလည်း ဝယ်ယူနိုင်စေရန် စီစဉ်ထားပါသည်။ အောက်ပါ အပိုဆောင်း သတ်မှတ်ချက်များသည် ထိုသို့ ဝယ်ယူခြင်းများအတွက် အကျုံးဝင်ပါသည်။
(က) လူကြီးမင်း၏ အမှာစာကို Merchant က လက်ခံရရှိသောအခါ ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသော သတ်မှတ်ချက်များနှင့် စည်းကမ်းများအရ ရောင်းချရန် သဘောတူထားရှိပြီးဖြစ်ပါသည်။ လူကြီးမင်းနှင့် Merchant ကြား သတ်မှတ်ချက်နှင့် စည်းကမ်းများသည်လည်း တစ်ပါတည်း အကျုံးဝင်ပြီးသား ဖြစ်ပါသည်။
(ခ) လူကြီးမင်းထံမှ ငွေပေးချေမှုကို လက်ခံခြင်းနှင့် လူကြီးမင်းထံသို့ ပစ္စည်းများပေးပို့ခြင်းကို Merchant ကိုယ်စား CMHL က လက်ခံလုပ်ဆောင်ပေးပါမည်။ သို့သော် CMHL သည် Merchant ထုတ်ကုန်များကို ရောင်းချသူ မဟုတ်ပါသဖြင့် လူကြီးမင်း၏ ဝယ်ယူမှုသည် Merchant နှင့်သာ သက်ဆိုင်ခြင်းရှိမည် ဖြစ်ပါသည်။
(ဂ) Merchant နှင့် ဆက်သွယ်ရာတွင် ပစ္စည်းတန်ဖိုး၊ ပို့ဆောင်စရိတ်၊ ပေးချေမှုပုံစံ(ငွေသား)၊ ငွေပေးချေမှု သတ်မှတ်ချက်၊ ပေးပို့စေလိုသော နေ့ရက်နှင့် အချိန်၊ (ဥပဒေနှင့်အညီ Merchant က သတ်မှတ်ထားသော) အာမခံပုံစံများ၊ ပစ္စည်း ပြန်လည် အပ်နှံခြင်း၊ သုံးစွဲသူ ဝန်ဆောင်မှုနှင့် အခြားသော ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှုများ စသည့် သတ်မှတ်ချက်များ ပါဝင်ပါသည်။ Merchant ၏ အဆိုပါ သတ်မှတ်ချက်နှင့် စည်းကမ်းများနှင့် အမှာမပြုလုပ်မီ ယင်းတို့ကို လူကြီးမင်းက သဘောတူညီကြောင်း မိတ္တူကို လက်ခံရရှိထားရန် လိုအပ်ပါသည်။ ပို့ဆောင်ခြင်း၊ ငွေပေးချေခြင်း၊ ပြန်လည်ပေးပို့ခြင်း၊ ပြန်အမ်းငွေ တောင်းခံခြင်းတို့သည် Merchant နှင့် လူကြီးမင်းတို့၏ သဘောတူညီချက်အရသာ ဖြစ်ပါသည်။
(ဃ) လူကြီးမင်းနှင့် Merchant ၏ သဘောတူညီချက်တွင် ကျွန်ုပ်တို့ CMHL ပါဝင်ခြင်းမရှိပါ။ Merchant နှင့် အငြင်းပွားမှုတစုံတရာ ရှိလာပါကလည်း ပါဝင်ခြင်းရှိမည် မဟုတ်ပါ။
(င) Merchant များက ရောင်းချထားသော ပစ္စည်းများ၏ ရရှိနိုင်သော အရေအတွက်ပမာဏနှင့် ဝယ်ယူရရှိနိုင်ခြင်းသည် Merchant ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိပါသည်။ မည်သည့် အကြောင်းပြချက်အတွက်မဆို လူကြီးမင်း၏ အမှာကို Merchant က ယင်း၏ စည်းကမ်းချက်နှင့်အညီ ဖျက်သိမ်းပိုင်ခွင့်ရှိပါသည်။ Merchant တစ်ဦးဦးသို့မဟုတ် Merchant ၏ ပစ္စည်း တစ်ခုခုကို ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်မှ ဖယ်ရှားထားသောအခါတွင် CMHL ၏ ဆုံးဖြတ်ချက်အရ မည်သည့် အကြောင်းပြချက်အတွက် မဆို လူကြီးမင်း၏ အမှာကို ဖယ်ရှားပိုင်ခွင့်ရှိပါသည်။ ဥပဒေကခွင့်ပြုသည့် အတိုင်းအတာအထိ လူကြီးမင်းက Merchant နှင့် တိုက်ရိုက်ဖြေရှင်းရမည့် အချက်များ၊ ပစ္စည်းဝယ်ယူမှုများနှင့် ပတ်သက်၍ CMHL သည် တာဝန်ယူမည် မဟုတ်ကြောင်း၊ အာမခံမည်မဟုတ်ကြောင်း ငြင်းဆိုပါသည်။

အမျိုးအစားပြန်လည်အပ်နှံရခြင်း အကြောင်းပြချက်များပေးပို့ပြီးနောက်ပိုင်းကာလ
စားသောက်ကုန်များနှင့် အိမ်မွေးတိရစ္ဆာန်အစာများ မှားယွင်းပေးပို့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အရည်အသွေးညံ့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အမျိုးအစားပြန်လည်အပ်နှံရခြင်း အကြောင်းပြချက်များပေးပို့ပြီးနောက်ပိုင်းကာလ
ကျန်းမာရေးနှင့် အလှအပ မှားယွင်းပေးပို့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အရည်အသွေးညံ့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အမျိုးအစားပြန်လည်အပ်နှံရခြင်း အကြောင်းပြချက်များပေးပို့ပြီးနောက်ပိုင်းကာလ
လျှပ်စစ်ပစ္စည်းများ မှားယွင်းပေးပို့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အရည်အသွေးညံ့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အမျိုးအစားပြန်လည်အပ်နှံရခြင်း အကြောင်းပြချက်များပေးပို့ပြီးနောက်ပိုင်းကာလ
စာအုပ်များနှင့် မဂ္ဂဇင်းများ မှားယွင်းပေးပို့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အရည်အသွေးညံ့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အမျိုးအစားပြန်လည်အပ်နှံရခြင်း အကြောင်းပြချက်များပေးပို့ပြီးနောက်ပိုင်းကာလ
အိမ်သုံးလျှပ်စစ်ပစ္စည်းများ မှားယွင်းပေးပို့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အရည်အသွေးညံ့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အမျိုးအစားပြန်လည်အပ်နှံရခြင်း အကြောင်းပြချက်များပေးပို့ပြီးနောက်ပိုင်းကာလ
အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မှားယွင်းပေးပို့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အရည်အသွေးညံ့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အမျိုးအစားပြန်လည်အပ်နှံရခြင်း အကြောင်းပြချက်များပေးပို့ပြီးနောက်ပိုင်းကာလ
တီဗွီနှင့် ကင်မရာများ မှားယွင်းပေးပို့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အရည်အသွေးညံ့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အမျိုးအစားပြန်လည်အပ်နှံရခြင်း အကြောင်းပြချက်များပေးပို့ပြီးနောက်ပိုင်းကာလ
ပရိဘောဂနှင့် အိမ်အလှဆင်ပစ္စည်းများ မှားယွင်းပေးပို့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အရည်အသွေးညံ့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အမျိုးအစားပြန်လည်အပ်နှံရခြင်း အကြောင်းပြချက်များပေးပို့ပြီးနောက်ပိုင်းကာလ
အရုပ်များ၊ ကလေးသုံးပစ္စည်းများ မှားယွင်းပေးပို့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အရည်အသွေးညံ့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အမျိုးအစားပြန်လည်အပ်နှံရခြင်း အကြောင်းပြချက်များပေးပို့ပြီးနောက်ပိုင်းကာလ
ဖက်ရှင်ပစ္စည်းများ မှားယွင်းပေးပို့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အရည်အသွေးညံ့ခြင်းပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ၊ ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်း လဲလှယ်ခြင်းကို လက်ခံပါသည်။
အထက်ဇယားတွင်မဖော်ပြထားသည့် ပစ္စည်းများအားလုံးအတွက် ပေးပို့သည့်နေ့မှ "၇" ရက်အတွင်း ပစ္စည်းပြန်လည်အပ်နှံခြင်း သို့မဟုတ် ပစ္စည်းလဲလှယ်ခြင်းကို လက်ခံပါသည်။



၆(၂) ပြန်လည်အပ်နှံ၍ရနိုင်သော အခြေအနေများ
(က) အပျက်အစီးများ
(ခ) ပစ္စည်း၏အရောင်၊ အရွယ်အစား စသည်ဖြင့် မှားယွင်းပေးပို့ခြင်း
(ဂ) အသုံးပြု၍မရသော ပစ္စည်းများ
(ဃ) ရက်လွန်ပစ္စည်းများ
(င) ပစ္စည်းအကြောင်းဖော်ပြချက်ပါအချက်များနှင့် မကိုက်ညီသော ပစ္စည်းများ
(စ) ဝယ်ယူပြီးနောက်မှ စိတ်ကူးပြောင်းသွားခြင်း။
၆(၃) ပစ္စည်းကို မလိုချင်တော့သော သို့မဟုတ် မလိုအပ်တော့သော အကြောင်းပြချက်ဖြင့် ပေးပို့သည့်နေ့မှ "၇" ရက်ကျော်လွန်ပြီးချိန် တွင် ပစ္စည်းပြန်လည်အပ်နှံ၍ မရပါ။
၆(၄) ပစ္စည်းကို ရှိရမည့် သင့်တင့်သော အနေအထားနှင့် ပြန်လည်အပ်နှံခြင်း မဟုတ်ပါက ယင်းသို့ ပြန်လည် အပ်နှံခြင်းကို ကျွန်ုပ်တို့က ငြင်းဆန်ခွင့်ရှိပါသည်။
၆(၅) ပြန်လည်အပ်နှံ၍ရနိုင်သည့် အကြောင်းပြချက် ခိုင်လုံပါက အမျိုးအစားတူပစ္စည်း သို့မဟုတ် တန်ဖိုးတူ credit ကို အစားထိုးပြန်ပေးသွားပါမည်။ (ပြန်အမ်းငွေမရနိုင်ပါ။)
၆(၆) တချို့သောပစ္စည်းများတွင် အာမခံပါနိုင်ပါသည်။ အကယ်၍ ကျွန်ုပ်တို့၏ ပြန်လည်အပ်နှံခြင်းဆိုင်ရာ ပေါ်လစီတွင် အကျုံးမဝင်တော့သောအခါ လူကြီးမင်းက Merchant ကို ပစ္စည်းတွင် ပါရှိသည့် အာမခံအချက်အလက်များအရ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
၆(၇) အပျက်အစီး၊ အနာအဆာပါသော ပရိဘောဂများ၊ တစိတ်တပိုင်း မပါလာသော ပစ္စည်းများ၊ ဖော်ပြချက်နှင့် မကိုက်ညီသော ပစ္စည်းများကို အစားထိုးပြန်လည်ပေးအပ်ပါမည်။ ပစ္စည်းတစ်ခုလုံး သို့မဟုတ် ပြဿနာရှိသော ပစ္စည်းတစိတ်တပိုင်းကို ပြန်လည်ပေးအပ်မည်ဖြစ်ပါသည်။

၇။ ကိုယ်ရေးအချက်အလက်လုံခြုံမှု
၇(၁) လူကြီးမင်း၏ အချက်အလက်များကို စုစည်းခြင်း၊ အသုံးပြုခြင်းနှင့် ဖွင့်ဟခြင်းအတွက် စီးတီးမောလ်အွန်လိုင်း၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာပေါ်လစီက အသေးစိတ်ဖော်ပြထားပါသည်။ ယင်းအချက်သည် သတ်မှတ်ချက်နှင့် စည်းကမ်းများတွင်လည်း အကျုံးဝင်မည်ဖြစ်ပါသည်။
၇(၂) ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်နှင့် Application ကို ဝင်ရောက်အသုံးပြုခြင်းအားဖြင့် ကိုယ်ရေးအချက်အလက်ဆိုင်ရာ သတ်မှတ်ချက်နှင့် စည်းကမ်းများကို သဘောတူခြင်း၊ ဖော်ပြထားသော လူကြီးမင်း၏ အချက်အလက်များကို စုစည်းခြင်း၊ သိမ်းဆည်းခြင်းနှင့် အသုံးပြုခြင်းကို ခွင့်ပြုခြင်းနှင့် တူညီမည်ဖြစ်သောကြောင့် လူကြီးမင်းသည် ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာပေါ်လစီကို နားလည်ရန်၊ သေချာစွာ ဖတ်ရှုထားရန် လိုအပ်ပါသည်။
၇(၃) လူကြီးမင်း၏ အချက်အလက်များကို စုစည်းခြင်း၊ အသုံးပြုခြင်းစသည်တို့နှင့် ဆက်နွှယ်သော ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာပေါ်လစီပါ သတ်မှတ်ချက်နှင့် စည်းကမ်းများကို သဘောမတူပါက ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်နှင့် Application ကို ဝင်ရောက်အသုံးပြုခြင်း မပြုစေလိုပါ။

၈။ ကူပွန်များနှင့် လျှော့ဈေးကုဒ်များ
Marketplace မှ ဝယ်ယူမှုများအတွက် သင့်တင့်သောတန်ဖိုးရှိသည့် ကူပွန်များ၊ လျှော့ဈေးကုဒ်များကို ကုမ္ပဏီ၏ သဘောတူညီချက်ဖြင့် လူကြီးမင်းအတွက် အချိန်နှင့်အမျှ ကမ်းလှမ်းခြင်းရှိပါသည်။ ကူပွန်များ၊ လျှော့ဈေးကုဒ်များတွင် အထူးပြုဖော်ပြထားခြင်း မရှိပါက ယင်းတို့အတွက် အောက်ပါ သတ်မှတ်ချက်များကို သတိပြုစေလိုပါသည်။
၈(၁) ကူပွန်ကုဒ်ကို အသုံးပြုနိုင်သော နောက်ဆုံးနေ့၏ နေ့လယ် "၁၂" နာရီအချိန်တွင် ကူပွန်သက်တမ်း ကုန်ဆုံးမည် ဖြစ်ပါသည်။
၈(၂) ဝယ်ယူသုံးစွဲသူ၏ (ပေးပို့ခမပါသော) စုစုပေါင်းကျသင့်ငွေသည် ကူပွန်လျှော့ဈေးပမာဏထက် ပိုဈေးမြင့်မှသာ ကူပွန်ကုဒ်ကို အသုံးပြု၍ရမည် ဖြစ်ပါသည်။
၈(၃) ဝယ်ယူသောကုန်ပစ္စည်း၏ ကျသင့်ငွေအတွက်ကိုသာ ကူပွန်ကို အသုံးချနိုင်မည်ဖြစ်သည်။ ပေးပို့ခအတွက် ကူပွန် အသုံးပြု၍ မရပါ။ *ဥပမာ "၂၀၀၀" ကျပ်တန်ကူပွန်ကို အသုံးပြုရန် "၁၀၀၀၀" ကျပ် တန်ဖိုး ဝယ်ယူသည်ဆိုပါစို့။ ပေးပို့ခ "၂၀၀၀" ကျပ် ကျသင့်မည်ဆိုပါက လူကြီးမင်း ပေးချေရမည့်တန်ဖိုးမှာ "၁၀၀၀၀" ကျပ်ပင် ဖြစ်ပါမည်။
(ဝယ်ယူသောတန်ဖိုး "၁၀၀၀၀" ကျပ် - ကူပွန်ကုဒ်တန်ဖိုး "၂၀၀၀" ကျပ်) + ပေးပို့ခ "၂၀၀၀" ကျပ် = "၁၀၀၀၀" ကျပ်
၈(၄) လျှော့ဈေးကမ်ပိန်းပေါ်မူတည်၍ ကူပွန်ကုဒ်၏ သတ်မှတ်ချက်နှင့် စည်းကမ်းများ အပြောင်းအလဲ ရှိနိုင်ပါသည်။

အထွေထွေစည်းကမ်းချက်များ
၁။ ပြင်ဆင်ခြင်း
ကျွန်ုပ်တို့သည် ဖော်ပြပါ သတ်မှတ်ချက်နှင့် စည်းကမ်းများကို အချိန်မရွေး ပြင်ဆင်ခွင့်ရှိပါသည်။ လူကြီးမင်းက ဝက်ဘ်ဆိုက်ကို အသုံးပြုစဉ် သို့မဟုတ် မှာယူစဉ်တွင် ဖော်ပြပါ သတ်မှတ်ချက်နှင့် စည်းကမ်းများကို လိုက်နာရမည် ဖြစ်ပါသည်။ အကယ်၍ သတ်မှတ်ချက်နှင့် စည်းကမ်းချက်များအနက် တစ်ချက်ချက်ကို ပြင်ဆင်နေစဉ်ဖြစ်ပါက အဆိုပါ အခြေအနေကို သီးခြားမှတ်ယူ၍ ကျန်သော စည်းကမ်းချက်များ၏ အကျိုးသက်ရောက်မှုအပေါ် ထိခိုက်ခြင်းမရှိစေရ။

၂။ သက်ဆိုင်သည့် ဥပဒေ
အဆိုပါ သတ်မှတ်ချက်နှင့်စည်းကမ်းများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ သတ်မှတ်ရမည်ဖြစ်ပါသည်။ ဖြစ်ပေါ်လာသော အငြင်းပွားမှုမှန်သမျှကို မြန်မာနိုင်ငံ၏ တရားရုံးများတွင်သာ ဖြေရှင်းဆောင်ရွက်ရမည်။

၃။ နိုင်ငံတကာအသုံးပြုမှု
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ နယ်နိမိတ်ပြင်ပတွင် ဝက်ဘ်ဆိုက်ကို အသုံးပြု၍ရနိုင်သည်ဟု အခိုင်အမာဆိုထားခြင်း မရှိပါ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ နယ်နိမိတ်ပြင်ပတွင် ဝက်ဘ်ဆိုက်ကို အသုံးပြုမည်ဆိုပါက ဆုံးရှုံးထိခိုက်နိုင်ချေများကို ကိုယ်တိုင်တာဝန်ယူရမည်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ရပါမည်။

၄။ ကလေးသူငယ်များ
လူကြီးမင်းသည် အသက် "၁၈" နှစ်အောက်ဖြစ်ပါက မိဘသို့မဟုတ် အုပ်ထိန်းသူတစ်ဦးဦး၏ ဆုံးဖြတ်ချက်ပါဝင်မှုဖြင့်သာ ဝက်ဘ်ဆိုက်ကို အသုံးပြုခြင်း၊ အမှာပြုလုပ်ခြင်းကို လုပ်ဆောင်ရမည် ဖြစ်ပါသည်။ အဆိုပါ အရွယ်မရောက်သေးသူများကို အရက်သေစာနှင့် ဆေးလိပ်များ ရောင်းချခြင်းအား တင်းကြပ်စွာ ကန့်သတ်ထားပါသဖြင့် အသက် "၁၈" နှစ်အောက်အရွယ်များကို အရက်သေစာနှင့် ဆေးလိပ်များ ရောင်းချခြင်း ပြုမည် မဟုတ်ပါ။ ယင်းသတ်မှတ်ချက်အရ အရက်သေစာနှင့် ဆေးလိပ်များ ရောင်းချရာတွင် အသက်အရွယ်ကို စစ်ဆေးခြင်းပြုလုပ်မည်ဖြစ်ပါသည်။

၅။ ဆက်သွယ်ရမည့်လိပ်စာ
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံမှာ -
ဖုန်းနံပါတ်: "၀၉-၇၆၅၄ ၂၄၃၃၂၊ ၀၉-၇၆၅၄ ၃၉၃၇၈" (နံနက် "၉" နာရီ မှ ည "၈" နာရီ အတွင်း နေ့စဉ် ခေါ်ဆိုနိုင်ပါသည်။)
Viber နံပါတ်: "၀၉-၇၆၅၄ ၂၄၃၃၂၊ ၀၉-၇၆၅၄ ၃၉၃၇၈" (နံနက် "၉" နာရီ မှ ည "၈" နာရီ အတွင်း နေ့စဉ် ဆက်သွယ်နိုင်ပါသည်။)
Facebook: https://www.facebook.com/citymallonlinemmcmhl/
အီးမေလ်းလိပ်စာ: customercare@citymall.com.mm


City Mart Holding Company Limited
Company number 341 of 1996 - 1997
အမှတ် ၁၊၁၁၊ ပဒုမ္မာကွင်း (အရှေ့ဘက်)၊ ဗားကရာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ။
Version 14 November 2022