- မူလစာမျက်နှာ
- ပစ္စည်းအမျိုးအစားများ
- Safari
- စာအုပ်နှင့်တေးသီချင်းများ
- မြန်မာစာပေများ
- ဘာသာရေးစာပေ
- အလုပ်ခွင်မှာတရားမှတ်နည်း
လွန်ခဲ့သောသုံးလေးနှစ်တာကာလ၌ ပြည်ထောင်စု မြန်မာနိုင်ငံအနှံ့အပြားတို့တွင် Dhamma workshop တရားသင်တန်းများစွာ ကျင်းပခဧ်ခဲ့သည်၊ နေ့တစ်ဝက်မှ ပုံမှန်တစ်ရက်(သို့) နှစ်ရက်ခန့်အချိန်ယူရသော တရားသင်တန်းများဖြစ်ကြသည်။ Mindfulness-based compassion and empathetic joy meditation သတိပဌာန် အခြေခံသော ဂရုဏာနှင့် မုဒိတာဘာဝနာကိုဗဟိုပြု၍ ဗုဒ္ဓမြတ်စွာဘုရား၏စိတ်ပိုင်းဆိုင်ရာ အဆုံးအမ များဖြင့် ပရိတ်သတ်ပေါင်းစုံကို တင်ပြဟောပြောခဲ့ပါသည်။ ထိုတရားသင်တန်းများ၏ ရည်ရွယ်ချက်နှစ်ခုအနက် ပထမတစ်ခုမှာ လုပ်ငန်းခွင်များ၌ ဗုဒ္ဓမြတ်စွာဘုရား၏ စိတ်ကိုတိုက်ရိုက် လက်တွေ့ဆုံးမသည့်နည်းကို အသုံးပြု၍ စိတ်ဖိစီးမှုကိုင်တွယ်ခြင်း stress management ပြုလုပ်နိုင်စွမ်း ရှိကြရန်ဖြစ်ပေသည်။ နောက်ရည်ရွယ်ချက် တစ်ခုမှာ မိမိနှင့်သူတစ်ပါး စိတ်ခံစားမှု emotion ကို ပိုမိုသတိပြု နားလည်စေရန်ဖြစ်ပါသည်။ ထိုတရားသင်တန်းများသည် သုံးလေးနှစ်တာ ကာလအတွင်း၌ နာရီပေါင်း နှစ်ထောင်နီးပါးမျှ အချိန် အသုံးပြုပို့ချခဲ့ပါသည်။ ပို့ချချက်များမှ ကောက်နှုတ်၍ စာအုပ်ပေါင်းခြောက်အုပ် ထုတ်ဝေခဲ့ပြီးဖြစ်ပါ သည်။ ဤစာအုပ်သည်လည်း ထိုတရားသင်တန်းတို့၌ ထည့်သွင်းလေ့ကျင့်သော တရားထိုင်နည်း တော်တော် များများကို စုပေါင်းထားခြင်းဖြစ်သည်။ သုံးမိနစ်မှ ဆယ့်ငါးမိနစ်ခန့်အထိသာ ကြာရှည်သောကျင့်စဥ်များ ဖြစ်သည်။ အချိန်တိုတို ဒီဇိုင်းလုပ်ထားခြင်းမှာ လုပ်ငန်းခွင်၌ အဓိက လေ့ကျင့်နိုင်စေရန် ဖြစ်ပါသည်။ ထို့ထက် ပိုကြာအောင် ပုံမှန်လေ့ကျင့်နိုင်သူများသည် မိမိကြိုက်နှစ်သက်ရာရိပ်သားများ၌ ထပ်ဆင့်တက်၍ လေ့ကျင့် အားထုတ်ကြရန်လိုပါသည်။ အားထုတ်ကြပါဟုလည်း အလေးအနက် တိုက်တွန်းပါသည်။ အောက်စဖို့ဒ်ဆရာတော်
Caltex Havoline Formula SAE 20W50 Engine Oil 4 LTR Black
80,000 Ks 100,000 Ks
ရောင်းချသူ Myanmar Tharawun
