text.skipToContent text.skipToNavigation
Manimekhala Blue Special003
Manimekhala Blue Special003 ID: crystalwater_5555539500015_1
  • Manimekhala Blue Special003
99,000 Ks

1
မြို့နယ် ဖြည့်သွင်းပါ
ဖြည့်သွင်းရန်

  • Country of Origin : Myanmar
  • Description :

    3.Manimekhala (မဏိမေခလာ)

    မဏိမေခလာရတနာ ကျောက်မျက်ရေပုလင်းမှာတော့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ နှင့် အဆုတ် လုပ်ငန်းစဉ်တို့အတွက် များစွာအထောက်အကူဖြစ်စေသော “Aquamarine ခေါ် အဏ္ဏဝါမြပြာ၊ Blue Chalcedony ခေါ် အပြာရောင်ကယ်လ်ဆဲဒနီ၊ Amethyst ခေါ် ခရမ်းစွဲကျောက်နှင့် Clear Quartz ခေါ် သလင်းကြည်ကျောက်များ ပါဝင်ပါတယ်။

    Aquamarine အနေနဲ့  ကောင်းမွန်စွာအသက်ရှူသွင်းနိုင်ခြင်း နှင့် အသက်ဇီဝဓာတ် (Life Force Energy) စုပ်ယူနိုင်ခြင်းတို့ကို ပိုမိုအားကောင်းစေပါတယ်။ အသက်ရှူသွင်းရာမှာ အခက်အခဲဖြစ်စေတဲ့ Air Passages များကို အနှောင့်အယှက်ပေးသော ဓာတ်မတည့်မှုများကို သက်သာစေပါတယ်။ Aquamarine ဟာ ကိုယ်ခန္ဓာရဲ့ ခုခံကာကွယ်အားစနစ်ကို အလိုလျောက် ထိန်းညှိပေးနိုင်တဲ့အတွက် ပတ်ဝန်းကျင် အပြောင်းအလဲပေါ်တွင် sensitive ဖြစ်ပြီး ဓာတ်မတည့်မှုများ ဖြစ်တတ်ခြင်း နှင့် အခြား Autoimmune ပြဿနာများကိုပါ ကုသမှု ပေးနိုင်ပါတယ်။ ပူပင်သောကကို ဖယ်ရှားနိုင်ပြီး  Negative Thoughts များကို လွှတ်ချနိုင်စေတဲ့အတွက် လန်းဆန်းသောစိတ်ကို ဖြစ်ပေါ်စေတာမို့ မျှော်လင့်ချက်အသစ်ကို အဖန်ဖန် ပြန်လည်မွေးမြူနိုင်စေပါတယ်။

    Blue Chalcedony ခေါ် အပြာရောင် ကယ်လ်ဆဲဒနီ ကျောက်များဟာဆိုရင်လည်း အသက်ရှူလမ်းကြောင်းတလျှောက်နှင့် နှာခေါင်းအတွင်းရှိ mucous membranes များကို သန့်စင်ပေးနိုင်ခြင်း၊ air passages များတွင် မသန့်စင်မှုများရှိပါကလည်း ရှင်းလင်းပေးနိုင်ခြင်းကြောင့် အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ ဝေဒနာများ နှင့် အနံ့ ကောင်းစွာမရတတ်ခြင်းကို သက်သာစေပါတယ်။

    Amethyst ခေါ် ခရမ်းစွဲ ကျောက်များဟာဆိုရင် အသက်ရှူမှုကို သိမ်မွေ့ ငြင်သာ စေသဖြင့် ပုံမှန် မပင်မပန်းဘဲ အသက်ရှူသွင်းထုတ်နိုင်စေပါတယ်။ အနံ့ခံနိုင်မှုအားကိုလည်း ကောင်းမွန်စေပါတယ်။ အဆုတ်၏ လုပ်ငန်းဆောင်တာဖြစ်သော အောက်စီဂျင် နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်များ အဆုတ်အတွင်း အလဲအလှယ် ပြုလုပ်ခြင်းကို အားကောင်းစေပါတယ်။ စိတ်အတွင်းပိုင်းအထိ ငြိမ်သက်အနားရစေသဖြင့် ပူပန်သောကများခြင်းကို သက်သာစေတာမို့ နေ့အခါတွင်လည်း ကောင်းစွာသတိရှိစေပြီး ညအခါတွင်လည်း ကောင်းစွာ အိပ်ပျော်စေနိုင်ပါတယ်။

    Clear Quartz ကျောက်များကတော့ Life Force Energy အားကို ပိုမို မြှင့်တင်ပေးနိုင်ပြီး စိတ်ကို ရှင်းလင်းစေပါတယ်။ မလိုအပ်သော စိုးရိမ်သောကများ ဖြစ်ပေါ်ခြင်းကို ဟန့်တားပေးပြီး ပကတိ အနေအထားအတိုင်းကို လက်တွေ့ကျကျရှုမြင်တတ်စေပါတယ်။

    "မဏီမေခလာ" ရတနာ ကျောက်မျက်ရေဖြင့် ရေချိုးမျက်နှာသစ်ခြင်း တို့ကိုလည်း ပြုလုပ်ပေးခြင်းအားဖြင့် အရေပြားဓာတ်မတည့်ဖြစ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

     

    မှတ်ချက်

    - “မဏိမေခလာ” ကျောက်မျက်ရတနာရေကို အဆုတ်၏ လုပ်ငန်းလုပ်ဆောင်မှု အကောင်းဆုံးအချိန်ဖြစ်သော မနက် (၃) နာရီမှ (၅) နားကြားတွင် သောက်သုံးပေးနိုင်သလို အခြားအချိန်များတွင်လည်း သင့်တော်သလို သောက်သုံးပေးနိုင်ပါတယ်။

    -ကြေးစည်၊ ခေါင်းလောင်းသံ၊ ပရိတ်တရား တော် တို့အပြင် အခြား မြင့်မြတ်ရာ ဘုရားရှိခိုး အမျိုးမျိုးတို့ဖြင့် “မဏိမေခလာ” ကကျောက်မျက်ရေပုလင်း ကို အားဖြည့် သန့်စင်ပေးနိုင်ပါတယ်။

    -ငါးဆူကုန်သော ဘုရားတို့ အမှူးပြုသော ရတနာ မြတ်သုံးပါး နှင့် သိကြား၊ ဗြဟ္မာ၊ နတ်ဒေဝါ၊ နေနတ်သား၊ လနတ်သား, စတုလောကပါလ နတ်မင်းကြီးလေးပါး နှင့် မဏိမေခလာ နတ်သမီး တို့အား အောက်ပါ  မန္တာန် ဖြင့် တိုင်တည်ဆုတောင်းမှုပြုပြီးလည်း သောက်သုံးနိုင်ပါတယ်။

    “ သြောင်း နမော ဘဒ္ဒ ကပ္ပံ ပဉ္စဗုဒ္ဓ သရဏံ၊ အသီတိ အဂ္ဂသာဝက မဟာသာဝက သံဃံ သဗ္ဗဣသိ နဝဂုနံ နဝလောကုတ္တရာ ဓမ္မံ

     ဣန္ဒြာ ဒေဝါ ဗြဟ္မာစန္ဒာ သူရိယာစ  မဏိမေခလာ ဓတရဌ ဝိရူဠက ဝိရူပက္ခ ကုဝေရ မဟာရာဇာနံ စတုန္နံ မဟာဒီပါနံ

    ဣသရော ဣသရဘူတော ဇေယျော ဇေယျတု သွား ဟုံ ဟုံ။”

အခြေခံအချက်အလက်