text.skipToContent text.skipToNavigation
Perfume City Borges Apple Cider Vinegar 500 ML
Perfume City Borges Apple Cider Vinegar 500 ML ID: blueribbon_5555521500006_1
Sold by Perfume City
  • Perfume City Borges Apple Cider Vinegar   500 ML
9,000 Ks

1
မြို့နယ် ဖြည့်သွင်းပါ
ဖြည့်သွင်းရန်

  •  Country of Origin : Spain
  • Usage :  သင့်ရဲ့တတ်ကြွလန်းဆန်းတဲ့ နံနက်ခင်းကို စတင်ဖို့အကောင်းဆုံးဖျော်ရည်တစ်ခွက်
    - ရေနွေးတဖန်ခွက်
    - သဘာဝ ပန်းသီးရှလကာရည် စားပွဲတင်ဇွန်း - ၂ ဇွန်
    - ဖျော်ရည်အရသာထူးခြားစေရန် ပါဝင်ပစ္စည်းများ (နှစ်သက်ရာထည့်ပါ)
    - သံပုရာသီးတခြမ်းညှစ်ထည့်ရန်
    - ပျားရည်(သို့)သကြားရည်စားပွဲတင်ဇွန်း ( ၁ ) OR (၂ ) ဇွန်း
    - ကြိတ်ချေထားသော ဂျင်းတစ်ဇွန်း (သို့) တဝက်ခန့်
    -သစ်ကြံပိုးခေါက်
    * (ဖျော်စပ်ပုံ) *
    ၁ ။ ထည့်လိုသော ပါဝင်ပစ္စည်းများ နှင့် ရေနွေး ၊ ပန်းသီးရှလကာရည် ရောပြီးသမအောင်မွှေပါ ။
    ၂ ။ နွေးနွေးလေးသောက်တာ အကောင်းဆုံးဖြစ်ပေမယ့် ကြိုသလိုထားသောက်လို့ရတယ်နော် ။
    ၃ ။ ကဲသောက်ကြည့်ပြီး ကောင်းကျိုတွေရယူကြရအောင်
    * ပန်းသီးရှလကာရည်မှရရှိသော ကောင်းကျိုးများ *
    * ဝိတ်ချရာတွင် အစားစားပုံစံသင့်တင်မျှတစေရန် ကူညီပေးခြင်း
    * အစားချေဖျက်မူကို တိုးတတ်စေခြင်း
    * သွေးတွင်သကြားဓာတ်လျော့ကျစေရန် ကူညီပေးခြင်း
    * အစာချေရည် ပြတ်တတ်သည့် ဝေသနာကို သက်သာစေခြင်း
  • Storage Instruction : အေး၍ခြောက်သွေ့သောနေရာတွင်ထားပါ။ ကလေးများလက်လှမ်းမမှီသောနေရာတွင်ထားပါ။မျက်လုံးနှင့်ထိတွေ့ခြင်းမှရှောင်ကြဉ်ပါ။အစာအိမ်ရှိသူများသောက်သုံးရန်မသင့်ပါ။
  • Product Summary : သင့်ကျန်းမာရေးအတွက် လုံးဝ ပြီးပြည့်စုံတဲ့ ပြုပြင်ထားခြင်းမရှိသော ***ဘော်ဂျက်(စ်) အမှတ်တံဆိပ်*** သဘာဝပန်းသီးရှာလကာရည် {စပိန်နိုင်ငံမှထုတ်လုပ်သည်}
    ပန်းသီး ရှာလကာရည်၏ ကောင်းကျိုး အသွယ်သွယ် . . . .
    ပန်းသီး ရှာလကာရည်ဟာ ပန်းသီးကို အချဉ်ဖောက်ပြီး ရလာတဲ့ ရှာလကာရည် ဖြစ်လို့ သင့်ရဲ့ ကျန်းမားရေး အတွက် များစွာ အထောက်အကူပြုစေပါတယ်။
    ပိုလီဖီနော် ကြွယ်စစွာ ပါဝင်တာကြောင့် အူအတွင်းရှိ အကျိုးပြု bacteria များကို များစွာအထောက်အကူ ပြုစေပါတယ်။
    သင့် ကျန်းမာရေးအတွက် ဘက်စုံအထောက်အကူ ဖြစ်စေတာကြောင့် အိမ်တိုင်းဆောင်ထားသင့်တယ်နော်။
    ၁. ကိုယ်အလေးချိန် ထိန်းပေးနိုင်ပါတယ်။
    ထမင်း မစားမီ အနည်းငယ် စားသုံးပေးမယ်ဆိုရင် သွေးထဲက ဂလူးကိုးစ် နဲ့ အင်ဆူလင် ဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်းအဆီ စုဆောင်းမှုကို လျော့စေတယ်။ နှလုံးရောဂါဖြစ်နိုင်ချေကိုပါ လျှော့ချပေးပါတယ်။ တစ်နည်းအားဖြင့် အစာစားချင်စိတ်ကို လျော့ကျစေပြီး ခါးတစ်ဝိုက်က အဆီများနဲ့ ကိုယ်တွင်းအင်္ဂါအနီးမှ အဆီများကို လည်း လျှော့ချပေးနိုင်ပါတယ်။
    ၂. ဆီးချိုးထိန်းရာမှာ တိုးတက်စေပါတယ်။
    ဆီးချိုးရောဂါဟာ ကျွနု်ပ်တို့ရဲ့ နေ့စဉ်ဘဝမှာတော်တော်ကို စိတ်မသက်တာ ဖြစ်စေပါတယ်။ ဒါကြောင့် ပန်းသီးရှာလကာရည်ရဲ့ သွေးတွင်းအချိုဓာတ်လျော့ကျစေတဲ့ အာနိသင်ဟာ အလွန် အရေးပါလာပါတယ်။ သွေးတွင်း ဂလူးကိုးစ် ပမာဏ အနိမ့်အမြင်ကို ထိန်းညှိပေးပါတယ်။
    တစ်ခု သတိထားရမှာက ဆီးချိုထိန်းဆေးတွေနဲ့ ပန်းသီးရှာလာကာရည်ကိုတော့ အချိန်ခြားပြီး သောက်ရမှာ ဖြစ်ပါတယ်။ သွေးတွင်း အချိူဓာတ်ကျသွားတတ်တာကြောင့်ပါ။
    ၃. သွေးတိုးကိုလည်း ကျစေပါတယ်။
    သင်ဟာ သွေးတိုးရောဂါ ရှိသူဆိုရင်လည်း ပန်းသီး ရှာလကာရည်ကို သုံးစွဲသင့်ပါတယ်။ သူ့မှာပါဝင်တဲ့ အစစ်တစ် အက်စစ်က သွေးပေါင်ချိန်ကို ကျစေတာဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။ ဒါအပြင် သွေးထဲမှာ ရှိတဲ့ သွေးကြောနံ့ရံရဲ့တင်းအားကို လျော့စေတာကြောင့်လည်း သွေးတိုးကို သက်သာစေပါတယ်။
    ၄. မကောင်းတဲ့အဆီကို နည်းစေပြီးကောင်းတဲ့အဆီကိုများစေတယ်။
    ပန်းသီးရှာလကာရည်မှာ ပါဝင်တဲ့ ပိုလီဖီနော်ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ထဲက မကောင်းတဲ့ အဆီ (LDL) ကို ကျစေပါတယ်။
    တခြား ပိုလီဖီနော် တစ်မျိုးဖြစ်တဲ့ ကလိုရိုဂျဲနစ်အက်စစ်ဟာ LDL ကိုဓာတ်တိုးခွင့် မပြုတာကြောင့် သင့်နှလုံး နဲ့ သွေးပေါင်ချိန်ကို ပိုမိုကောင်းမွန်စေပါတယ်။
    နှလုံး ကျန်းမာနေရင် သင့်တစ်ကိုယ်လုံးကို အားပြည့်စေပြီး နေ့စဉ်ဘဝမှာ တက်ကြွလန်းဆန်းစေပါတယ်။ ဒါကလည်း ကိုယ်အလေးချိန်ကျစေဖို့ကောင်းတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။
    ၅. အစာကြေစေပြီး အကျိုးပြု bacteria များကို ကူညီပေးတယ်။
    ပန်းသီးရှာလကာရည်ဟာ သဘာဝဓာတ်စာတစ်မျိုးဖြစ်ပြီး သင့်အူအတွင်းရှိ သဘာ၀ အကျိုးပြု bacteria များကို ထိန်းသိမ်းပေးပါတယ်။ သူတို့ဟာ အစာကြေညက်ဖို့ ကူညီပေးရုံသာမက သင့်ခန္ဓာကိုယ်ထဲ ဝင်လာမယ့် ရောဂါပိုးများကို တိုက်ခိုက်ပေးပြီး ကျန်းမာစေပါတယ်။ ပန်းသီးရှာလကာရည် တစ်ဇွန်းကို ရေအနည်းငယ်နဲ့ ရောသောက်မယ်ဆိုရင် အစာကြေစေပါတယ်။ လေပူထတာ သက်သာစေပါတယ်။
    ၆. သင့်ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ဖယ်ရှားပေးပါတယ်။
    ပန်းသီးရှာလကာရည်ဟာ သင့်ခန္ဓာကိုယ်က အဆိပ်အတောက်တွေရဲ့ လုပ်ငန်းဆောင်တာကို ကျဆင်းစေပါတယ်။ ဒါ့အပြင် အဆိပ်အတောက် ကင်းစေပြီး ကျန်းမာစေပါတယ်။ ဒါ့အပြင် အဆိပ်အတောက်တွေနဲ့ ပေါင်းပြီး အပြင်ကိုဆွဲထုတ်ပေးပါတယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်ကို အဆိပ်အတောက်ကင်းစေပြီး ကျန်းမာစေပါတယ်။
    ၇. အရေပြား ယားယံမှုကို သက်သာစေပါတယ်။
    ဒူးခေါင်းဆေး၊ ခြေသလုံး နဲ့ ကျောဘက်တွေမှာဖြစ်တဲ့ နီရဲနေတဲ့ အကွက်တွေ ၊ အရေခွံလန်တာတွေ ၊ ဦးရေပြားယားယံပြီး နာကျင်တဲ့ ရောဂါကို Psoriasis လို့ခေါ်ပါတယ်။ ဒီရောဂါမျိုးကို ပန်းသီးရှာလကာရည်ဖြင့် ဆေးကြောပေးခြင်းဖြင့် ယားယံတာ ၊ နီရဲနာကျင်တာတွေကို သက်သာစေပါတယ်။
    ၈. သင့်အရေပြား မှိုစွဲခြင်းမှ ကာကွယ်ပေးပါတယ်။
    ပန်းသီး ရှာလကာရည်ဟာ အရေပြားပေါ်မှာ ဖြစ်တတ်တဲ့ မှိုရောဂါ တစ်မျိုးဖြစ်တဲ့ yeast ကို သေစေနိုင်ပါတယ်။ ဒါ့အပြင် ပါးစပ်မှာ မက်ခရုပေါက်တာ ၊ ခံတွင်းရောင်ရမ်း နာကျင်တာတွေကိုပါ သက်သာစေပါတယ်။
    ဒါအပြင် လူအများက အရေပြားပေါ်မှာ ဖြစ်လေ့ရှိတဲ့ နှင်းခူ ၊ ကြွက်နို့ များကိုလည်း ပျောက်ကင်းစေတဲ့ အစွမ်းရှိတယ်လို့လည်း ဆိုထားပါတယ်။ ဒါပေမယ့် သိပ္ပံနည်းကျ သက်သေမပြုနိုင်သေးတဲ့အတွက် အခြားကောင်းကျိူးများအတွက် ပန်းသီးရှာလကာရည်ကို နေ့စဉ်သုံးစွဲသင့်ပါတယ်။]
    ၉. အသားအရေ နဲ့ ဆံနွယ်တွေကို ကျန်းမာစေတယ်။
    သဘာ၀ အသားအရေ နဲ့ ဆံသား ထိန်းသိမ်းပစ္စည်းအဖြစ် အလွန်ကျော်ကြားပါတယ်။
    တိုနာနှင့်မျက်နှာသစ်ဆေး -->> ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း
    တစ်ဇွန်းကို ရေအနည်းငယ်နဲ့ ရောပြီး ဂွမ်းလုံးဖြင့် မျက်နှာ အနှံ့ပွတ်တိုက်ပေးပါ။ အသားအရေကို တင်းရင်းစေပြီး ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။
    နေလောင်သောအရေပြား -->> သင့်မှာ နေလောင်ကွက်တွေရှိတယ် ဆိုရင် ပန်းသီးရှာလကာရည်ခွက်တစ်ဝက်ကို ရေလေးခွက်နဲ့ ရောပြီး လိမ်းပေးပါ။ နေလောင်ကွက်ကို သက်သာစေပါတယ်။
    ဗောက်ထခြင်း -->> သင့်ခေါင်းမှာ ဗောက်တွေရှိလို အင်္ကျ ီပေါ် ဗောက်တွေကျလို့ စိတ်ညစ်နေရပါသလား။ သင့်လျှော်နေကျ ခေါင်းလျှော်ရည်ထဲကို ပန်းသီးရှာလကာရည် အနည်းငယ် ရောပြီး လျှော်ပေးလိုက်ပါ။ ဗောက်များ သိသာစွာ သက်သာစေနိုင်ပါတယ်။
    သဘာ၀ ချွေးနံ့ပျောက်ဆေး -->> ပန်းသီးရှာလကာရည်မှာ ပါဝင်တဲ့ အစစ်တစ် အက်စစ်ဟာ ချွေးနံ့ဆိုးကို ဖြစ်ပေါ်စေတဲ့ bacteria တွေကို သေစေနိုင်ပါတယ်။ ပန်းသီးရှာလကာရည် နှင့် ရေကို အတူရောပြီး ဂွမ်းလုံးဖြင့် ဂျိုင်းကို သုတ်လိမ်းပေးပါ။ ပြီးလျှင် ပြောင်းမှုန့်နှင့် baking soda အတူရောပြီး ပေါင်ဒါအဖြစ်အသုံးပြုပါ။ ရှာလကာရည်အနံ့ ထွက်မည်စိုးပါက သင်နှစ်သက်ရာ ဆီတစ်မျိုးမျိုး နှင့် ရောသုံးနိုင်ပါသည်။

အခြေခံအချက်အလက်