text.skipToContent text.skipToNavigation
Avent Natural FB 4OZ 120ML SCF671/13 (0M+)
Avent Natural FB 4OZ 120ML SCF671/13 (0M+) ID: cmhl_1000000322588_1
Sold by CMHL
  • Avent Natural FB 4OZ 120ML SCF671/13 (0M+)
  • Avent Natural FB 4OZ 120ML SCF671/13 (0M+)
  • Avent Natural FB 4OZ 120ML SCF671/13 (0M+)
  • Avent Natural FB 4OZ 120ML SCF671/13 (0M+)
54,800 Ks

1
မြို့နယ် ဖြည့်သွင်းပါ
ဖြည့်သွင်းရန်

  • အလေးချိန် - ၄အောင်စ
  • ထုတ်ကုန်ထုထည် - ၁၂၀မီလီလီတာ
  • ကုန်ပစ္စည်းမိတ်ဆက်
    • သဘာဝမိခင်နို့သီးခေါင်းနဲ့နို့အုံအတိုင်း ပုံစံရော နူးညံ့ပျော့ပျောင်းမှုပါ ထပ်တူနီးပါးကျအောင် အထူးပုံဖော်ထားတဲ့ နို့သီးခေါင်းကြောင့် မိခင်နို့တိုက်ကျွေးခြင်းနဲ့ နို့ဘူးတိုက်ကျွေးခြင်းကို လွယ်ကူစွာ ပေါင်းစပ်လုပ်ဆောင်နိုင်ပါတယ်။
    • လေထိုးလေအောင့်မဖြစ်အောင် ကာကွယ်ပေးမယ့် သီးခြားကွဲထွက်တဲ့ နို့သီးခေါင်းဟာ ကလေးပါးစပ်ထဲ လေမဝင်စေရန် ဟန့်တားပေးသော စနစ်ပါဝင်တဲ့အတွက် လေထိုးလေအောင့်ဖြစ်ခြင်း၊ နေရထိုင်ရခက်ပြီး မအီမသာဖြစ်ခြင်းတို့ ကင်းဝေးစေပါတယ်။
    • သန့်စင်ပြီး ဘေးကင်းတဲ့ ဖန်သားနဲ့ ထုတ်လုပ်ထားကာ အပူအအေးရုတ်တရက်ပြောင်းလဲမှုကြောင့် မကွဲအောင် ဖန်သားထူထူကို သုံးထားပါတယ်။ ရေနွေးငွေ့ ပိုးသတ်ပေါင်းစက်ရော ရေနွေးနဲ့ပြုတ်တာပါ လုပ်နိုင်ပါတယ်။
    • BPA ကင်းစင်တဲ့ နို့ဘူးဖြစ်လို့ ကလေးငယ်အတွက် ဘေးကင်းစေပါတယ်။
  • သုံးစွဲပုံအညွန်း
    •  ကလေးကြီးထွားမှုအဆင့်အလိုက် မွေးကင်းစ၊ ၁လအထက်၊ ၃လအထက်၊ ၆ လအထက်၊ ၉လအထက် ပြောင်းလဲတပ်ဆပ်ရမည့် နို့သီးခေါင်းများနှင့် ၃ လကျော်လာလျှင် အရည်ပျစ်ပျစ်များတိုက်ကျွေးသည့်အခါ ပြောင်းတပ်ရသည့် နို့သီးခေါင်းစသဖြင့် ပြောင်းတပ်နိုင်သည့် နို့သီးခေါင်း အမျိုးအစား ၆ မျိုး ရှိပါသည်။
    • နို့ဘူးကို အသုံးပြုပြီးချိန်တိုင်း ကောင်းစွာဆေးကြောပြီး ပိုးသတ်ပေါင်းပေးပါ။
    • ကလေးငယ်ကျန်းမာရေးအတွက် သန့်ရှင်းမှု ကောင်းစေရန် နို့သီးခေါင်းကို အသုံးပြုသည့်အချိန်မှ ၃ လပြည့်လျှင် အသစ်လဲလှယ်တပ်ဆင်ပေးပါ။
  • ပါဝင်သောပစ္စည်းများ - ၁လ အောက်ကလေးတွေအတွက် အလွန်နူးညံ့တဲ့နို့သီးခေါင်းမှာ နို့ရည်ထွက်ပေါက် ၁ပေါက် ပါရှိပါတယ်။
  • အသိပေးချက်
    • လူကြီးများ၏ စောင့်ရှောက်မှုဖြင့်သာ ကလေးကို နို့ဘူးပေးစို့ပါ။
    • နို့သီးခေါင်းကို ချိုလိမ်အဖြစ် အသုံးမပြုသင့်ပါ။
    • အချိန်အကြာကြီး ဆက်တိုက်နို့စို့တာက ကလေးသွားပိုးစားတာမျိုး ဖြစ်စေနိုင်တာကို သတိပြုပါ။ - နို့မတိုက်ခင် နို့ရည်ရဲ့ အပူချိန်ကို အမြဲစစ်ဆေးပါ။
    • မိုက်ခရိုဝေ့ဖ်ဖြင့် နွှေးခြင်းက အပူချိန်များစေလို့ မတိုက်ကျွေးခင် အပူချိန်ကို သေချာ ဂရုတစိုက်စမ်းသပ်ဖို့ လိုပါတယ်။
    • နို့စို့နေစဉ် ကလေးငယ်ကို လမ်းလျှောက်ခြင်း၊ ပြေးလွှားခြင်း ပေးမလုပ်သင့်ပါ။
    • နို့ဘူးကို ပူနေသော မီးဖိုပေါ် မတင်ပါနှင့်။
    • နို့ဘူးထဲကို နို့နှင့် ရေကလွဲပြီး အခြား သကြားများသော ဖျော်ရည်များ၊ အသီးဖျော်ရည်များ ထည့်မတိုက်သင့်ပါ။ - ဓာတုပါဝင်မှုများသော ဆပ်ပြာရည် ပြင်းပြင်းနှင့် ပိုးသန့်စင်ဆေးရည်များကို အသုံးပြုပြီး မဆေးကြောသင့်ပါ။
    • မိခင်မှ ညှစ်ထုတ်ထားသော မိခင်နို့ရည်များကို ပိုးသတ်ပေါင်းထားသည့် နို့သိမ်းအိတ်၊ နို့သိမ်းခွက်များနှင့် ရေခဲသေတ္တာထဲ(တံခါးရွက်တွင်မဟုတ်) တွင် ၄၈ နာရီ အအေးခဲခန်းတွင် ၃ လအထိ သိမ်းဆည်းကာ အသုံးပြုနိုင်သည်။
    • ဖန်ဘူးကို လက်ကိုင်ကွင်း တပ်ပြီး မသုံးပါနှင့်။ ဖန်ပုလင်းမှာ ကွဲနိုင်သဖြင့် သန့်စင်ဆေးကြောတဲ့အခါ သ၊ သံသတ္တုဖြင့်ပြုလုပ်ထားသော အရာများဖြင့် ဘူးအတွင်းထဲ မွှေနှောက်ဆေးကြောခြင်းမပြုသင့်ပါ။ အသုံးမပြုမီအချိန်တွင်း ဖန်ဘူးကွဲရှမှု ၊ ဘူးအတွင်း အပိုင်းအစပဲ့နေခြင်းများ ရှိ၊မရှိ အရင်စစ်ဆေးပါ။
    • နို့ဘူးပါ အစိတ်အပိုင်းများ ပျက်စီးယိုယွင်းလာပါက အသစ်ဖြင့် ချက်ချင်း အစားထိုးလဲလှယ်ကာ အသုံးပြုပါ။ 
  • ထုတ်လုပ်သည့်နိုင်ငံ - ယူနိုက်တက်ကင်းဒန်

အခြေခံအချက်အလက်
အလေးချိန် 220.0 Gram