text.skipToContent text.skipToNavigation
Avent Classic Feeding Bottle 11OZ SCF-686/17
Avent Classic Feeding Bottle 11OZ SCF-686/17 ID: cmhl_1000000113767_1
Sold by CMHL
  • Avent Classic Feeding Bottle 11OZ SCF-686/17
20,300 Ks

1
မြို့နယ် ဖြည့်သွင်းပါ
ဖြည့်သွင်းရန်

  • အလေးချိန် - ၁၁အောင်စ
  • ကုန်ပစ္စည်းမိတ်ဆက်

    လေထိုးလေအောင့်မဖြစ်အောင် ကာကွယ်ပေးမယ့် သီးခြားကွဲထွက်တဲ့ နို့သီးခေါင်းနဲ့ ကြားခံ ကွင်းလေးဟာ ကလေးပါးစပ်ထဲ လေမဝင်စေရန် ဟန့်တားပေးသော စနစ်ပါဝင်တဲ့အတွက် လေထိုးလေအောင့်ဖြစ်ခြင်း၊ နေရထိုင်ရခက်ပြီး မအီမသာဖြစ်ခြင်းတို့ ကင်းဝေးစေပါတယ်။

    - နို့သီးခေါင်းကို အလွယ်တကူ ဖြုတ်တပ်နိုင်သလို ကလေးငယ် လက်ခံဖို့ လွယ်ကူစေမယ့် နူးညံ့ပျော့ပျောင်းမှု ရှိပါတယ်။ ကလေးနို့စို့တဲ့ စည်းချက်အတိုင်း နို့ရည်ထွက်ရှိမှုကလည်း အလိုက်သင့်ဖြစ်တဲ့အတွက် ကလေးငယ်ကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။

    - ကြာရှည်ခံပြီး ပွန်းရာခြစ်ရာ တော်ရုံမဖြစ်ဘဲ သန့်ရှင်းရလွယ်ကူတဲ့ နို့ဘူးဖြစ်ပါတယ်။

    - နို့ဘူးအစိတ်အပိုင်းတွေကို လျင်လျင်မြန်မြန်နဲ့ လွယ်လွယ်ကူကူ တပ်ဆင်လို့ ရတဲ့ နို့ဘူးပါ။

    - BPA ကင်းစင်တဲ့ နို့ဘူးဖြစ်လို့ ကလေးငယ်အတွက် ဘေးကင်းစေပါတယ်။

    - အဝကျယ်နို့ဘူးဖြစ်တဲ့အတွက် နို့ထည့်တဲ့အခါရော သန့်စင်ဆေးကြောတဲ့အခါမှာပါ လွယ်ကူစေပါတယ်။

    - မိခင်ရော ကလေးပါ ကိုင်တွယ်ဆုပ်ကိုင်ရ လွယ်ကူစေတဲ့ ဘူးပုံစံဖြစ်အောင် ပုံဖော်ထားတဲ့ နို့ဘူးပါ။

    - နို့ဘူးမှာပါတဲ့ ကြားခံကွင်းလေးက Philips Avent  Classic နို့ဘူးတိုင်းမှာ တပ်ဆင် အသုံးပြုနိုင်ပါတယ်။

  • သုံးစွဲပုံအညွှန်း

    ကလေးကြီးထွားမှုအဆင့်အလိုက် မွေးကင်းစ၊ ၁လအထက်၊ ၃လအထက်၊ ၆ လအထက် ပြောင်းလဲတပ်ဆပ်ရမည့် နို့သီးခေါင်းများနှင့် ၃ လကျော်လာလျှင် အရည်ပျစ်ပျစ်များတိုက်ကျွေးသည့်အခါ ပြောင်းတပ်ရသည့် နို့သီးခေါင်းစသဖြင့် ပြောင်းတပ်နိုင်သည့် နို့သီးခေါင်း အမျိုးအစား ၅ မျိုး ရှိပါသည်။

    - နို့ဘူးကို အသုံးပြုပြီးချိန်တိုင်း ကောင်းစွာဆေးကြောပြီး ပိုးသတ်ပေါင်းပေးပါ။

    - ကလေးငယ်ကျန်းမာရေးအတွက် သန့်ရှင်းမှု ကောင်းစေရန် နို့သီးခေါင်းကို အသုံးပြုသည့်အချိန်မှ ၃ လပြည့်လျှင် အသစ်လဲလှယ်တပ်ဆင်ပေးပါ။

  • အသိပေးချက်

    လူကြီးများ၏ စောင့်ရှောက်မှုဖြင့်သာ ကလေးကို နို့ဘူးပေးစို့ပါ။

    - နို့သီးခေါင်းကို ချိုလိမ်အဖြစ် အသုံးမပြုသင့်ပါ။

    - အချိန်အကြာကြီး ဆက်တိုက်နို့စို့တာက ကလေးသွားပိုးစားတာမျိုး ဖြစ်စေနိုင်တာကို သတိပြုပါ။

    - နို့မတိုက်ခင် နို့ရည်ရဲ့ အပူချိန်ကို အမြဲစစ်ဆေးပါ။

    - မိုက်ခရိုဝေ့ဖ်ဖြင့် နွှေးခြင်းက အပူချိန်များစေလို့ မတိုက်ကျွေးခင် အပူချိန်ကို သေချာ ဂရုတစိုက်စမ်းသပ်ဖို့ လိုပါတယ်။

    - နို့စို့နေစဉ် ကလေးငယ်ကို လမ်းလျှောက်ခြင်း၊ ပြေးလွှားခြင်း ပေးမလုပ်သင့်ပါ။

    - နို့ဘူးကို ပူနေသော မီးဖိုပေါ် မတင်ပါနှင့်။

    - နို့ဘူးထဲကို နို့နှင့် ရေကလွဲပြီး အခြား သကြားများသော ဖျော်ရည်များ၊ အသီးဖျော်ရည်များ ထည့်မတိုက်သင့်ပါ။

    - ဓာတုပါဝင်မှုများသော ဆပ်ပြာရည် ပြင်းပြင်းနှင့် ပိုးသန့်စင်ဆေးရည်များကို အသုံးပြုပြီး မဆေးကြောသင့်ပါ။

    - မိခင်မှ ညှစ်ထုတ်ထားသော မိခင်နို့ရည်များကို ပိုးသတ်ပေါင်းထားသည့် နို့သိမ်းအိတ်၊ နို့သိမ်းခွက်များနှင့် ရေခဲသေတ္တာထဲ(တံခါးရွက်တွင်မဟုတ်) တွင် ၄၈ နာရီ အအေးခဲခန်းတွင် ၃ လအထိ သိမ်းဆည်းကာ အသုံးပြုနိုင်သည်။

    - နို့ဘူးပါ အစိတ်အပိုင်းများ ပျက်စီးယိုယွင်းလာပါက အသစ်ဖြင့် ချက်ချင်း အစားထိုးလဲလှယ်ကာ အသုံးပြုပါ။

  • ထုတ်လုပ်သည့်နိုင်ငံ - ယူနိုက်တက်ကင်းဒန်

အခြေခံအချက်အလက်
အလေးချိန် 150.0 Gram