text.skipToContent text.skipToNavigation
Avent Classic Fb 9Oz 260Ml SCF574/11 (1M+)
Avent Classic Fb 9Oz 260Ml SCF574/11 (1M+) ID: cmhl_1000000322585_1
Sold by CMHL
  • Avent Classic Fb 9Oz 260Ml SCF574/11 (1M+)
  • Avent Classic Fb 9Oz 260Ml SCF574/11 (1M+)
  • Avent Classic Fb 9Oz 260Ml SCF574/11 (1M+)
27,500 Ks

1
မြို့နယ် ဖြည့်သွင်းပါ
ဖြည့်သွင်းရန်

  • အလေးချိန် - ၉အောင်စ
  • ထုတ်ကုန်ထုထည် - ၂၆၀မီလီလီတာ
  • ကုန်ပစ္စည်းမိတ်ဆက်

    ကလေးငယ်နို့ဘူးစို့တဲ့အခါ ကလေးပါးစပ်ထဲ လေမဝင်စေရန် ဟန့်တားပေးသော စနစ်ပါဝင်တဲ့အတွက် လေထိုးလေအောင့်ဖြစ်ခြင်း၊ နေရထိုင်ရခက်ပြီး မအီမသာဖြစ်ခြင်းတို့ ကင်းဝေးစေပါတယ်။ နို့ဘူးမှ နို့ယိုစိမ့်မှုမရှိစေရန် အထူးပုံဖော် ထုတ်လုပ်ထားပါတယ်။ 

    - နို့သီးခေါင်းကို ကလေးနို့စို့တဲ့အခါ ပြားကပ်သွားတာမျိုး မဖြစ်စေရန် ဒီဇိုင်းပုံဖော်ထုတ်လုပ်ထားပါတယ်။

    - နို့ဘူးကို ဆေးကြောတဲ့အခါ လျင်လျင်မြန်မြန်နဲ့ လွယ်လွယ်ကူကူ ဆေးကြောနိုင်စေပါတယ်။

    - BPA ကင်းစင်တဲ့ နို့ဘူးဖြစ်လို့ ကလေးငယ်အတွက် ဘေးကင်းစေပါတယ်။

    အသက် ၁ လအထက်ကလေးတွေ အတွက် နို့ရည်ထွက်ပေါက် ၂ ပေါက် ပါရှိပါတယ်။

  • သုံးစွဲပုံအညွှန်း

    125 ml/4OZ ကနေပြောင်းသုံးတဲ့အခါ အဆင်ပြေစေဖို့ နို့သီးခေါင်းမှာ အလွန်နူးညံ့ပြီး နို့ရည်ကို ဖြည်းဖြည်းမှန်မှန် ထွက်စေပါတယ်။

    - ကလေးကြီးထွားမှုအဆင့်အလိုက် မွေးကင်းစ၊ ၁လအထက်၊ ၃လအထက်၊ ၆ လအထက် ပြောင်းလဲတပ်ဆပ်ရမည့် နို့သီးခေါင်းများနှင့် ၃ လကျော်လာလျှင် အရည်ပျစ်ပျစ်များတိုက်ကျွေးသည့်အခါ ပြောင်းတပ်ရသည့် နို့သီးခေါင်းစသဖြင့် ပြောင်းတပ်နိုင်သည့် နို့သီးခေါင်း အမျိုးအစား ၅ မျိုး ရှိပါသည်။ 

    - နို့ဘူးကို အသုံးပြုပြီးချိန်တိုင်း ကောင်းစွာဆေးကြောပြီး ပိုးသတ်ပေါင်းပေးပါ။
    - ကလေးငယ်ကျန်းမာရေးအတွက် သန့်ရှင်းမှု ကောင်းစေရန် နို့သီးခေါင်းကို အသုံးပြုသည့်အချိန်မှ ၃ လပြည့်လျှင် အသစ်လဲလှယ်တပ်ဆင်ပေးပါ။

  • အသိပေးချက်

    လူကြီးများ၏ စောင့်ရှောက်မှုဖြင့်သာ ကလေးကို နို့ဘူးပေးစို့ပါ။

    - နို့သီးခေါင်းကို ချိုလိမ်အဖြစ် အသုံးမပြုသင့်ပါ။

    - အချိန်အကြာကြီး ဆက်တိုက်နို့စို့တာက ကလေးသွားပိုးစားတာမျိုး ဖြစ်စေနိုင်တာကို သတိပြုပါ။

    - နို့မတိုက်ခင် နို့ရည်ရဲ့ အပူချိန်ကို အမြဲစစ်ဆေးပါ။

    - မိုက်ခရိုဝေ့ဖ်ဖြင့် နွှေးခြင်းက အပူချိန်များစေလို့ မတိုက်ကျွေးခင် အပူချိန်ကို သေချာ ဂရုတစိုက်စမ်းသပ်ဖို့ လိုပါတယ်။

    - နို့စို့နေစဉ် ကလေးငယ်ကို လမ်းလျှောက်ခြင်း၊ ပြေးလွှားခြင်း ပေးမလုပ်သင့်ပါ။

    - နို့ဘူးကို ပူနေသော မီးဖိုပေါ် မတင်ပါနှင့်။

    - နို့ဘူးထဲကို နို့နှင့် ရေကလွဲပြီး အခြား သကြားများသော ဖျော်ရည်များ၊ အသီးဖျော်ရည်များ ထည့်မတိုက်သင့်ပါ။

    - ဓာတုပါဝင်မှုများသော ဆပ်ပြာရည် ပြင်းပြင်းနှင့် ပိုးသန့်စင်ဆေးရည်များကို အသုံးပြုပြီး မဆေးကြောသင့်ပါ။

    - မိခင်မှ ညှစ်ထုတ်ထားသော မိခင်နို့ရည်များကို ပိုးသတ်ပေါင်းထားသည့် နို့သိမ်းအိတ်၊ နို့သိမ်းခွက်များနှင့် ရေခဲသေတ္တာထဲ(တံခါးရွက်တွင်မဟုတ်) တွင် ၄၈ နာရီ အအေးခဲခန်းတွင် ၃ လအထိ သိမ်းဆည်းကာ အသုံးပြုနိုင်သည်။

    - နို့ဘူးပါ အစိတ်အပိုင်းများ ပျက်စီးယိုယွင်းလာပါက အသစ်ဖြင့် ချက်ချင်း အစားထိုးလဲလှယ်ကာ အသုံးပြုပါ။

  • ထုတ်လုပ်သည့်နိုင်ငံ - ယူနိုက်တက်ကင်းဒန်

အခြေခံအချက်အလက်
အလေးချိန် 100.0 Gram